မိုင်းထောင်စဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး အေအေ (၄)ဦး သေဆုံး

763

မိုင်းထောင်စဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး အေအေ (၄)ဦး သေဆုံး

ဇွန်(၃၀) AlinnMyay(အလင်းမြေ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးသည် ဒေသန္တရမိုင်း ထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဆိုက်တွင် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် မိုင်းပေါက်ကွဲသံကြားရသဖြင့် နံနက် ၇ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ရာ အမျိုးသား ၄ ဦး လဲကျ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း နယ်မြေခံတပ်ဌာနချုပ်သို့ ရဲတပ်ဖွဲ့ဝင်များကတဆင့်သတင်းပို့ခဲ့သဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ မိုင်းပေါက်ကွဲသည့် နေရာတွင် အမျိုးသား ၄ ဦးမှာ ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင်တစ်ဝိုက်အား အသေးစိတ်စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ ကွန်ကြူပိုက် အပိုင်းအစများ သံတို/သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်း ၄ လုံး နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီ သွားကားလမ်းတွင် ဒေသတည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရ လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိုင်းထောင်ပေါက်ကွဲစဉ် အသေသိမ်းဆည်းရမိသော AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

သတင်း ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here