အရာရှိ၊စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို အေအေမှ မိုင်းဆွဲတိုက်ခိုက်

748

အရာရှိ၊စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို အေအေမှ မိုင်းဆွဲတိုက်ခိုက်

ဇွန်(၃၀) AlinnMyay(အလင်းမြေ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ထွက်ခွာလာသောတပ်မတော်ယာဉ်တန်းတစ်ခုကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်း ကျန်းသူအလောင်းတစ်လောင်း သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဆိုက်တွင် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။ ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ယနေ့နံနက်ပိုင်းတွင် စစ်တောကျေးရွာမှ ကျောက်ဖြူမြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ကပ်သပြေကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ စစ်တော-ကျောက်ဖြူ သွားကားလမ်းပေါ် ရှိ သစ်သားတံတားအနီး အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးလိုက်ပါလာသည့်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ၊ တပ်မတော်သားများက စနစ်တကျလုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့မှုကြောင့် တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများထံမှအလောင်းတစ်လောင်းကို မိုင်းထောင်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းဖြစ်စဉ်နေရာအနီးတစ်ဝိုက် မသင်္ကာဖွယ်အမျိုးသား ၁၀ ဦး ၊အမျိုးသမီး ၂ ဦး အားလည်းကောင်း ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ၁၂ ဦးအား လိုအပ်သည်များဆက်လက်စစ်ဆေးရန် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း၊

၄င်းနောက် ယခုဖြစ်စဉ်သည် ကျောက်ဖြူမြို့နယ်အတွင်းနယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တပ်မတော်သားများက နယ်မြေလုံခြုံရေးများဆောင်ရွက်လျက်ရှိစဉ် ဇွန်လ ၂၆ ရက် ညပိုင်းတွင် သိုင်းချောင်း-သစ်ပုတ်တောင်သွားကားလမ်းပေါ်၌ ကပ်သပြေ ကျေးရွာတွင်နေထိုင်သော AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ် သူ ၇ ဦးကိုမသင်္ကာဖွယ် အထောက်အထားများနှင့် အတူဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူ မြို့မရဲစခန်းတွင်တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ဖြစ်စဉ်နှင့် ဆက်စပ်လျက်ရှိကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဝက်ဆိုက်စာမျက်နှာတွင် ဆက်လက်ဖော်ပြထားသည်။

သတင်း ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here