“သူတော်ကောင်း နဲ့ သူယုတ်မာ ဘယ်လိုခွဲခြားနိုင်လဲ ဆိုတာ” ဒေါ်အောင်ဆန်းစုကြည် ပြောကြား

896

“သူတော်ကောင်း နဲ့ သူယုတ်မာ ဘယ်လိုခွဲခြားနိုင်လဲ ဆိုတာ” ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဇွန်(၃၀) AlinnMyay(အလင်းမြေ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဒေါက်တာသန္တာလွင် (ဒုတိယညွှန်ကြားရေးမှုးချုပ်၊ ရောဂါနှိမ်နှင်းရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဒေါက်တာမြင့်မြင့်အေး (ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)၊ ဒေါက်တာချိုချိုစန်းထူး (အထူးကုဆရာဝန်ကြီး(ဆေးပညာ) ဘားအံပြည်သူ့ဆေးရုံ) တို့နှင့် အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ် ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့ဘုတ်အကောင့်တွင် တိုက်ရိုက် Live ထုတ်လွှင့်ခဲ့သော ရုပ်သံ အစီအစဉ်မှ ကောက်နှုတ်ချက်…

“တရားတော်ထဲမှာပါတဲ့ သူတော်ကောင်းနဲ့ သူယုတ်မာ ဘယ်လိုခွဲခြားနိုင်လဲဆိုတော့ သူတော်ကောင်းတွေဟာ ကိုယ်တော်တာတွေဘာတွေကို ချဲ့ကားပြီးမပြောဘူး၊ သူများတွေတော်တာတွေ၊ သူများတွေကောင်းတာတွေကို ပိုပြီးကြီးကြီးမားမားမြင်တယ်ပေါ့၊ ကိုယ့်ကိုယ်ကိုတော့ ကိုယ့်ရဲ့ အပြစ်တွေကို ကြီးကြီးမားမားမြင်တယ်ဆိုတာ ပြင်ချင်တဲ့စိတ်ရှိအောင်လို့ ပြောတာပါ၊ ကိုယ့်ကျေးဇူးတွေကို ကြီးကြီးမားမားမမြင်ဘူး၊ တစ်ခြားသူတွေရဲ့ ကျေးဇူးတွေကို ကြီးကြီးမားမားမြင်တယ်။ ဒီလိုစိတ်ဓာတ်တွေဆိုတာ မေတ္တာစေတနာကို ပွားများစေတဲ့ စိတ်ဓာတ်တွေပဲ၊ သူများကို ကျေးဇူးတင်တယ်ဆိုတာ မေတ္တာဖြစ်လာတာပဲ၊ ကိုယ့်ပေါ်မှာ ကောင်းလိုက်တာပေါ့၊ နောက်ပြီးတော့ တစ်ခြားသူအပေါ်မှာ အကောင်းမြင်တယ်ဆိုရင် အော် သူတော်လိုက်တာ လူတစ်ယောက်က တော်တဲ့ဘက်ကို ကြည့်မလား ညံ့တဲ့ဘက်ကိုကြည့်မလား၊ အဲ့ဒါကြည့်ခြင်းဟာ ကိုယ့်အကြောင်းကို ဖော်ပြတာနော်၊ အဲ့ဒီလူအကြောင်းကို ဖော်ပြတာမဟုတ်ဘူး၊ ဒီလူက ဆိုးလိုက်တာဆိုပြီး လက်ညှိုးထိုးပြနေတာက အဲ့ဒီလက်ညှိုးထိုးတဲ့လူအကြောင်းကို ဖော်ပြနေတာ၊ လက်ညှိုးအထိုးခံရသူရဲ့ အကြောင်းကို ဖော်ပြနေတာမဟုတ်ဘူး” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါတယ်။

Source – Aung San Suu Kyi Facebook

#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here