တစ်ဦးတည်းလမ်းဖြတ်ကူးစဉ် အမည်မသိယာဉ်မှ ဝင်ရောက်တိုက်မိရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး

674

တစ်ဦးတည်းလမ်းဖြတ်ကူးစဉ် အမည်မသိယာဉ်မှ ဝင်ရောက်တိုက်မိရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး

ဇွန်(၃၀) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ဝေါမြို့သစ်တောဦးစီးဌာနရုံးအနီးတွင် ၂၀၂ဝဇွန်၂၉ရက်ည၁၁နာရီဝန်းကျင်အချိန်ခန့်ကယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

အခင်းဖြစ်ရပ်သို့ ဝေါမြို့မစခန်းတာဝန်မှူးဒုရဲအုပ်‌ဇော်လတ်နှင့်တပ်ဖွဲ့ဝင်များမှသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဝေါမြို့၊ ချမ်းမြသာစည်ရပ်ကွက်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင် အမှတ်(၇၀/၁) နှင့် (၇၀/၂)ကြားတွင်ဦးကျော်စိုးဦး (၃၈)နှစ် ဒုမြို့နယ်အုပ်ချုပ် ရေးမှူး (ဝေါမြို့)၊ ကျွန်းရွှေဝါရပ်ကွက်၊ ဖောင်းပြင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး(လက်ရှိ-ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းနေထိုင်)နေသူမှ လမ်း၏ယာဘက်ခြမ်း မှ ဝဲ ဘက်ခြမ်းသို့ တစ်ဦးတည်းလမ်းဖြတ်ကူးစဉ် ကျိုက်ထိုမြို့မှ ဘုရားကြီးမြို့သို့မောင်းနှင်လာသည့် ယာဉ်နှင့်ယာဉ်မောင်း/ယာဉ်အမှတ်(စုံစမ်းဆဲ)မှ အရှိန်မထိန်းနိုင်ဘဲဝင် ရောက်တိုက်မိခဲ့ရာ နဖူး-ဖူးရောင်ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ယာပေါင်ကျိုး၊ ယာခြေဖဝါးပေါက်ပြဲ ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီးယာဉ်နှင့်ယာဉ်မောင်းနှင်သူ(စုံစမ်းဆဲ)မှာထွက်ပြေးတိမ်းရှောင်သွားကြောင်း‌သိရသည်။

သို့ဖြစ်ပါ၍ ယာဉ်မောင်းနှင်သူ(စုံစမ်းဆဲ)အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ် ဇော်လတ်မှ တရားလိုပြုလုပ်တိုင်တန်းလာသဖြင့် ဝေါမြို့မရဲစခန်းမှယာဉ်(ပ)၂၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ထားရှိကာတရားခံအားအမြန်ဆုံးဖမ်းဆီးရမိရေးတွက်စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here