ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ပဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

120

ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ပဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ဇွန်(၃၀) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးဖဒိုနယ်မြေရဲစခန်းအပိုင်ပဲခူးရိုးမတောင်ပေါ် (၁)မိုင်တွင်၂၀၂ဝဇွန်၂၉ရက်နံနက်ပိုင်းက မော်တော်ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်းဖဒိုနယ်မြေရဲစခန်းမှသိရသည်။

သတင်းအရအခင်းဖြစ်ရပ်သို့ဖဒိုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်သွားကားလမ်း မိုင်တိုင်အမှတ်(၆၉/၅)နှင့် (၆၉/၆)၊ ဒေသအခေါ် ပဲခူးရိုးမတောင်ပေါ် (၁)မိုင်တွင် ယာဉ်မောင်း ဦးခင်မောင်ညွန့်(၄၅)နှစ် ကတုတ်ကျေးရွာ၊ ဒိုက်ဦးမြို့နယ်နေသူမောင်းနှင်ပြီး နောက်တွင် စောအေးနိုင်(၄၀)နှစ် ကင်းရွာကျေးရွာ၊ သက်ဦးပိုင်(၂၉)နှစ် ကတုတ်ကျေးရွာ၊နိုင်လင်းဇော်(၂၆)နှစ် ကတုတ်ကျေးရွာ၊ ဒိုက်ဦးမြို့နယ်နေသူတို့လိုက်ပါလာသည့် YGN 5S/———— SKAT အမျိုးအစားအပြာရောင်ယာဉ်သည် စိန်ကန့်လန့်ဘက်မှ မြို့ချောင်းကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွား ခဲ့သဖြင့် ယာဉ်မောင်း ဦးခင်မောင်ညွန့်တွင် မျက်လုံး(၂)လုံးဖူးရောင်ဒဏ်ရာ၊ ဝဲပါး/ဝဲပါးစောင်/ ယာပါးစောင်ကွဲပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်းဖူးရောင်ပေါက်ပြဲဒဏ်ရာ (အတွင်းလူနာ(စိုးရိမ်ရ၊ သတိမရ)၊ စောအေးနိုင်တွင် နဖူး(၄)လက်မခန့်ကွဲပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာ၊ ယာဘက်လက်ဖျံ ပွန်းပဲ့ဒဏ်ရာ (အတွင်းလူနာ စိုးရိမ်ရ)၊ သက်ဦးပိုင်တွင် ယာဘက်လက်မောင်းအောင့်ဒဏ်ရာ (ပြင်ပလူနာ/ မစိုးရိမ်ရ)၊ နိုင်လင်းဇော်တွင် ယာဘက်လက်ခုံပေါက်ပြဲဒဏ်ရာ၊ယာဘက်လက်ပေါက်ပြဲဒဏ်ရာ (ပြင်ပလူနာ/မစိုးရိမ်ရ)များရရှိခဲ့ပြီး မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားရှိကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ယာဉ်မောင်းနှင်သူဦးခင်မောင်ညွန့်အား ဖဒိုနယ်မြေရဲစခန်းမှယာဉ်(ပ)၁၂/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ၃၃၇/၃၃၈ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here