မိုးကာစဖြင့်အုပ်၍ ဝှက်ထားသော ဆာလာအိတ် ၆၀ အိတ်ကို တွေ့ရှိရာ ၂၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်များသိမ်းဆည်းရမိ

1057

မိုးကာစဖြင့်အုပ်၍ ဝှက်ထားသော ဆာလာအိတ် ၆၀ အိတ်ကို တွေ့ရှိရာ ၂၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်များသိမ်းဆည်းရမိ

ဇွန်(၂၉) AlinnMyay(အလင်းမြေ)

တာချီလိတ်မြို့နယ်နှင့် မိုင်းတွမ်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဆိုက်တွင် ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၉ရက်နေ့နံနက် ၄ နာရီခွဲခန့်တွင် ရေပူစမ်းကျေးရွာ၏ အနောက် မြောက်ဘက်မီတာ ၂၃၀၀ ခန့်အကွာရှိ နေရာသို့အရောက်၌ လျှိုအတွင်းမိုးကာစဖြင့် ဖုံးအုပ်၍ မြေကြီးအတွင်းဝှက်ထားသော ဆာလာအိတ် ၆၀ အိတ်ကို တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာAK- 47 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ နှစ်လုံးပြူးသေနတ် ၁ လက်၊ တစ်လုံးထိုးသေနတ် ၂ လက်၊ ၁၂ ဗို့ ကျည် ၅ တောင့်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၆၄၈၀၀၀၀ ပြား၊ ရေစိုပုံပျက်နေသော WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၈ ကီလိုဂရမ်ခန့် (စုစုပေါင်းမူးယစ်ဆေးဝါးများခန့်မှန်းတန်ဖိုးငွေကျပ် ၂၆ ဘီလီယံကျော်)တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊

အလားတူ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မယ်ကြုတ်ကျေးရွာ၏ အနောက်မြောက် ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့အရောက်၌ တောင်ယာတဲဟောင်း ကြမ်းခင်းအောက် မြေကြီးအတွင်းမှ AK- 47 သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here