ဆီဘောက်ဆာ ယာဉ် နှင့် ကုန်တင်ယာဉ်တို့ တိုက်မိရာ မီးလောင်မှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံး

747

ဆီဘောက်ဆာ ယာဉ် နှင့် ကုန်တင်ယာဉ်တို့ တိုက်မိရာ မီးလောင်မှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံး

ဇွန်(၂၉) AlinnMyay(အလင်းမြေ)

တောင်ငူခရိုင် ၊ ရေနီမြို့ ၊ ဗလီကွေ့အနီးတွင် ဆီ ဘောက်ဆာယာဉ် နှင့် ကုန်တင် ယာဉ်တို့ တိုက်မိရာ အမျိုးသား နှစ်ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ် ၊ ရေနီမြို့ အမှတ် ( ၁)ရပ်ကွက် တံတားအနီး တွင် ဒီကနေ့ ဇွန် ၂၉ မနက်ပိုင်းက ဆီဘောက်ဆာယာဉ် နှင့် ကုန်တင်ယာဉ်တို့ တိုက်မိခဲ့ကြတာလည်းဖြစ်သည် ။

ရန်ကုန် – မန္တလေး လမ်းဟောင်းအတိုင်း သိန်းဝင်းထွန်း မောင်းနှင်လာပြီး ပေါက်စီ ဆိုသူ တို့လိုက်ပါလာသော ဒီဇယ်တင် ဆီဘောက်ဆာယာဉ်သည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် အဆိုပါ တံတားကွေ့အနီးအရောက်တွင် တစ်ဘက်ယာဉ်​ကျောမှ မောင်းနှင်လာသော ၂၂ ဘီးယာဉ် နှင့် တိုက်မိခဲ့ကြကြောင်းသိရသည်။

ယင်းသို့တိုက်မိကြသောကြောင့် မီလောင်မှုဖြစ်သွားကာ ဆီဘောက်ဆာယာဉ်မောင်း သိန်းဝင်းထွန်း နှင့် အမည်မသိ အမျိုးသား တစ်ဦးတို့ မီးလောင်သေဆုံးသွားကြပြီး ၊ အဆိုပါ မီးသည် လမ်းဘေး စျေးဆိုင် ၃ ခန်းအားလည်း ထပ်မံ လောင်းကျွမ်းသွားခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယာဉ်တိုက်မှုကြောင့် တစ်ဘက်ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့​ပြီး ၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ သိန်းဝင်းထွန်းအား ရေနီမြို့ နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၄ -က / ၂၈၅ တို့ဖြင့်အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here