စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို တဲဟောင်းတစ်လုံးအတွင်း လိမ်ခေါ်ပြီး သားမယားပြုကျင့်မှု

952

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို တဲဟောင်းတစ်လုံးအတွင်း လိမ်ခေါ်ပြီး သားမယားပြုကျင့်မှု

ဇွန်(၂၈) AlinnMyay(အလင်းမြေ)

၂၅-၆-၂ဝ၂ဝ ရက်နေ့ ည (၇)နာရီခွဲအချိန်ခန့် ပဲခူးမြို့နေ မ—- (၃၄)နှစ် (စိတ်ကျန်းမာရေး မကောင်းသူ) သည် ပဲခူးမြို့တွင်းဘက်သို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း လမ်းလျှောက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်း လမ်းထိပ်အရောက် အမည်မသိအမျိုးသား တစ်ဦး (လူမြင်လျှင် မှတ်မိ)မှ “နင့် အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောပြီး ပဲခူးမြို့၊ ဥသာမြို့သစ်၊ အမှတ်(၈)ရပ်ကွက်၊ မြို့ရှောင်လမ်းအနီးရှိ လူမနေသည့် တဲဟောင်းတစ်လုံး အတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် ၂၇-၆-၂၀၂၀ ရက်နေ့ ၁၃၁၀ အချိန် ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ စာမျက်နှာတွင်ဖော်ထားသည်။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ တရားခံအမြန်ဖမ်းဆီးရမိ ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ချက်အရ ၂၈-၆-၂၀၂၀ ရက်နေ့ (၀၃၃၀)အချိန် မသင်္ကာ တရားခံ ဒီလုံး(ခ)မော်စီတုံး(ခ)အောင်မိုး (၄၆)နှစ်၊ ကလိကျေးရွာအရှေ့ပိုင်း၊ ပဲခူးမြို့နေသူအား ၎င်းနေထိုင်ရာ ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပါသည်။ ဒီလုံး(ခ)မော်စီတုံး(ခ)အောင်မိုး အား စစ်ဆေးမေးမြန်းရာ ပြစ်မှုကျူးလွန် ခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး ကျူးလွန်ခံရသူမှလည်း ဒီလုံး(ခ)မော်စီတုံး(ခ)အောင်မိုး ဖြစ်ကြောင်း အတည်ပြု ခဲ့သဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

သတင်း ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here