ဆိုင်ကယ်ကိုတိုက်ပြီး မောင်းပြေးတဲ့ ကားကို လိုက်လံဖမ်းဆီးရာမှ ငွေကျပ် သိန်း (၈၈၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

559

ဆိုင်ကယ်ကိုတိုက်ပြီး မောင်းပြေးတဲ့ ကားကို လိုက်လံဖမ်းဆီးရာမှ ငွေကျပ် သိန်း (၈၈၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ဇွန်(၂၇) AlinnMyay(အလင်းမြေ)

ဆိုင်ကယ်ကိုတိုက်ပြီး မောင်းပြေးတဲ့ ကားကို လိုက်လံဖမ်းဆီးရာမှ ငွေကျပ် သိန်း (၈၈၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိကြောင်း ပြည်ထဲရေးသတင်းစာမျက်နှာတွင် ဖော်ပြထားကြောင်းတွေ့ရသည်။

ဇွန်လ ၂၄ ရက်နေ့ ၁၄၃၀ အချိန် မတ္တရာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာအုပ်စု၊ ကံဖြူကျေးရွာအနီး၊ မန္တလေး-မိုးကုတ်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၀/၀)နှင့် (၂၀/၁)ကြားတွင် PAJERO MITSUBISHI အမျိုးအစားမော်တော်ယာဉ်သည် မော်တော်ဆိုင်ကယ်တစ်စီးအားတိုက်မိကာ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် ၎င်းမော်တော်ယာဉ်အား ၁၅၁၅ အချိန် စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာအုပ်စု၊ မကွေ့တစ်ရာကျေးရွာ အနီး၌ ယာဉ်မောင်းကိုတွေ့ရှိခြင်းမရှိဘဲ ရပ်တန့်ထားသည်ကိုတွေ့ရှိ၍ စစ်ဆေးရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၈ ဒသမ ၈ ကီလိုသိမ်းဆည်းရမိခဲ့ပြီး အဆိုပါယာဉ်မောင်းဖြစ်သူ မောင်လဆိုင်း အား ဇွန်လ ၂၅ ရက်နေ့ ၀၆၃၀ အချိန် မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ ဉက္ကံကျေးရွာအနီး၊ မန္တလေး-မိုးကုတ်သွား ကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့သဖြင့် မောင်လဆိုင်း(၂၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း ဓာတ်ပုံ – ပြည်ထဲရေး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here