ကားခိုးသူအားဖမ်းမိရာ ဆိုင်ကယ် ၄ စီးပါ ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့

725

ကားခိုးသူအားဖမ်းမိရာ ဆိုင်ကယ် ၄ စီးပါ ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့

ဇွန်(၂၅) AlinnMyay(အလင်းမြေ)

ရွှေပေါက္ကံ စက်မှုဇုန်မှ မော်တော်ယာဉ် ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးရမိပြီး ၎င်းထံမှ သက်သေခံ ယာဉ်နှင့်အတူ ဆိုင်ကယ် ၄ စီး ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

သတင်းအပြည့်စုံမှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရှိ ‘ဆုစံ’ မုန့်မျိုးစုံ စက်ရုံ ပိုင်ရှင်ဖြစ်သူ ဦးစိတ်ဖုန်းသည် ဇွန်လ ၄ ရက်နေ့ ည ၆ နာရီအချိန်တွင် ၎င်းပိုင် YGN 5E/xxxx YUEJIN LIGHT TRUCK အဖြူရောင်ယာဉ်အား စက်ရုံရှေ့လမ်းမပေါ်၌ စက်ရုံပိုင် အခြား မော်တော် ယာဉ် (၁၀)စီးနှင့်အတူ ရပ်တန့်ထားခဲ့ကြောင်း၊ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မုန့်များပို့ဆောင်ရန် စစ်ဆေးစဉ် YUEJIN LIGHT TRUCK အဖြူရောင်ယာဉ်မှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ)၆၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

အမှုမှ တရားခံအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ပုသိမ်မြို့နေ ချစ်လင်းကို(ခ)ဇော်ရှဲ(၂၀)နှစ်အား သက်သေခံမော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ ၎င်းသည် ဆိုင်ကယ်(၄)စီးအား ခိုးယူ ထားကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံဆိုင်ကယ်များအား လိုက်လံသိမ်းဆည်း ရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း ဓာတ်ပုံ – ပြည်ထဲရေး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here