ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

739

ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇွန်(၂၄) AlinnMyay(အလင်းမြေ)

လားရှိုးမြို့တွင် ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးသတင်းစာမျက်နှာတွင် ဖော်ပြထားကြောင်းတွေ့ရသည်။

၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ၁၈၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘူတာလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်တွင် ကျော်ပြည့်စုံ(ခ)နဲနဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကျော်လှိုင်(ခ)အီနွတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ ကျော်ပြည့်စုံ(ခ) နဲနဲ၏ဆိုင်ကယ်ခွကြားရှိ ကတ်ထူပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြားနှင့် ၎င်းတို့ထံမှ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ပြည့်စုံ(ခ)နဲနဲ(၁၉)နှစ်၊ ကျော်လှိုင်(ခ)အီနွတ်(၂၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

သတင်း ဓာတ်ပုံ – ပြည်ထဲရေး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here