သုံးပန်လှ KTV သတင်းအရ ဝင်စစ်လိုက်ရာ ပြည့်တန်ဆာ အမျိုးသမီး(၆)ဦးနဲ့ အတူ ဆိုင်ရှင်ဖြစ်သူကိုပါဖမ်းဆီးရမိ

1067

သုံးပန်လှ KTV သတင်းအရ ဝင်စစ်လိုက်ရာ ပြည့်တန်ဆာ အမျိုးသမီး(၆)ဦးနဲ့ အတူ ဆိုင်ရှင်ဖြစ်သူကိုပါဖမ်းဆီးရမိ

ဇွန်(၂၄) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်မှု၊ သုံးပန်လှ KTV သတင်းအရ ဝင်စစ်လိုက်ရာ ပြည့်တန်ဆာ အမျိုးသမီး(၆)ဦးနဲ့ အတူ ဆိုင်ရှင်ဖြစ်သူကိုပါဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

၂၃-၆-၂၀၂၀ ရက်နေ့ ည (၉)နာရီခွဲအချိန်ခန့် လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းဘေး၊ ချမ်းသာကုန်းကျေးရွာရှိ “သုံးပန်လှ” KTV နှင့် စားသောက်ဆိုင်တွင် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင် နေကြောင်း သတင်းအရ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနနှင့် လက်ပံတန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ဆိုင်ရှင်ဖြစ်သူ အမျိုးသမီးနှင့် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၆)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် လက်ပံတန်းမြို့မရဲစခန်းတွင် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းဖော်ပြထားကြောင်း တွေ့ရသည်။

သတင်း ဓာတ်ပုံ – BRPF #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here