လူနာတင်ယာဉ်နှင့် ထော်လာဂျီတိုက်မိရာမှ ထော်လာဂျီမောင်းသူးသေဆုံး
ဇွန်(၂၄) AlinnMyay(အလင်းမြေ)
ပြည်မြို့နယ်၊ပေါင်းတလည်နယ်မြေ၊ဇာတ်ငါးရာဘုရားဇရပ်အနီးတွင် ပေါက်ခေါင်းမြို့နာရေးကူညီမှုအသင်းလူနာတင်ယာဉ်နှင့် စပါးတင်ဆောင်လာသည့် ထွေလာဂျီတို့ တိုက်မိရာမှ ထောင်လာဂျီယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ တ၃ရက်၊ည ၉နာရီခန့်ကယာဉ်မောင်း ကိုရဲဇော်ထက် မောင်းနှင်လာပြီး တဦးလိုက်ပါလာသည့် နာရေးကူညီမှုအသင်း-ပေါက်ခေါင်းမှ အဖြူရောင် STEPWGNယာဉ်သည် ပေါက်ခေါင်းမှပြည်ဘက်သို့မောင်းနှင်လာစဉ် ဇာတ်ငါးရာဘုရားဇရပ်အနီး၌ ပြည်ဘက်မှ ပေါင်းတလည်ဘက်သို့ မောင်းနှင်လာသည့် ကိုသက်ဇော်မောင်းနှင်လာပြီး အခြားနှစ်ဦး လိုက်ပါလာသည့် ထော်လာဂျီနှင့် မျက်နှာခြင်းဆိုင် တိုက်မိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ထော်လာဂျီမောင်းနှင်သူ ကိုသက်ဇော်မှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ပြီး နှစ်ဖက်ယာဉ်တွင် လိုက်ပါလာသူသုံးဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။
“ထော်လာဂျီက ဆန်အိတ်တွေတင်ပြီး ပေါင်းတလည်ဘက်အသွားနဲ့ လူနာတင်ယာဉ်က ပြည်ဘက်အသွားမှာ တိုက်မိကြတာပါ။တဦးသေပြီး ပါလာတဲ့သူတွေထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်။ထော်လာဂျီကတော့ မြောင်းထဲကျသွားတယ်”ဟု အခင်းဖြစ်ရာနေရာတွင် ရှိနေသူတဦးက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်ကြသူ ကိုရဲဇော်ထက်နှင့် ကိုသက်ဇော်တို့နှစ်ဦးအား ပေါင်းတလည်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၈/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ