လိုင်စင်မဲ့ W ကား ဟု ယူဆရသော အိမ်စီးကားတစ်စီး လမ်းဘေး သစ်ပင်ဝင်တိုက်ပြီး ယာဉ်ပိုင်ရှင် ထွက်ပြေးတိမ်းရှောင်

896

လိုင္စင္မဲ့ W ကား ဟု ယူဆရေသာ အိမ္စီးကားတစ္စီး လမ္းေဘး သစ္ပင္ဝင္တိုက္ၿပီး ယာဥ္ပိုင္ရွင္ ထြက္ေျပးတိမ္းေရွာင္

ဇြန္(၂၄) AlinnMyay(အလင္းေျမ)

လိုင္စင္မဲ့ W ကားဟု ယူဆရေသာ အိမ္စီးကား တစ္စီး ေတာင္ငူ – အုတ္တြင္း ၾကား မိုင္တိုင္ ၁၅၂ / ၃ ရွိ လမ္းေဘး ကုကၠိဳပင္အား ဒီေန႔ မနက္ ၁ နာရီအခ်ိန္က ဝင္တိုက္ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္ ။

အဆိုပါ ဝင္တိုက္ထားေသာ ကားသည္ လိုင္စင္မဲ့ W ကားဟု ယူဆရၿပီး ယာဥ္ေမာင္းမွာ တိုက္လက္စ ကားအား ထားခဲ့ၿပီး ထြက္ေျပး တိမ္းေရွာင္သြားခဲ့ေၾကာင္းလည္းသိရသည္။

ယင္း လိုင္စင္မဲ့ W ကားဟု ယူဆရေသာ ကားအား တာဝန္ရွိသူမ်ားမွ ေစာင့္ၾကည့္ထားစဥ္ ဒီကေန႔ မနက္ ၁၁ နာရီဝန္းက်င္အခ်ိန္က ပိုင္ရွင္ဟု ယူဆရသူမွ မည္သူမၽွမသိခင္ လာေရာက္ ေမာင္းႏွင္ ယူေဆာင္ သြားေၾကာင္းသိရသည္။

“တာဝန္မဲ့လြန္းတဲ့ ဒီလို လိုင္စင္မဲ့ကား ေတြကို တာဝန္ရွိသူေတြက မဖမ္းခိုင္းတာ လက္လန္တယ္ ၊ ဒါသစ္ပင္မို႔ေပါ့ လူသာဆို ဘယ္လို လုပ္မလဲဟု ” အုတ္တြင္း ေဒသခံတစ္ဦးက ဆိုသည္။

“ကၽြန္ေတာ့ကား ဒီလထဲမွာ အမည္ေပါက္ေျပာင္းတာ က်ပ္ေငြ ၄၃၅၀၀၀ိ က်ပ္ အခြန္ေဆာင္ရတယ္ ၊ ဒါလိုင္စင္ သက္တမ္းမတိုးရေသးဘူး သက္တမ္းတိုးရင္ ၃ သိန္း ဝန္းက်င္ေလာက္ ထပ္ကုန္ရအုံး ၊ ဟိုေၾကး ဒီေၾကးမပါေသးဘူး ဆိုလိုတာက လိုင္စင္ကား စီးတဲ့ ျပည္သူေတြ အရမ္း နစ္နာပါတယ္ ၊ လိုင္စင္မဲ့ ကားစီးတဲ့သူေတြ ကေတာ့ တခုခုျဖစ္ရင္ ကားထားၿပီး အလြတ္ေျပးၾကတာ ဘာတာဝန္ယူမႈ တာဝန္ခံမႈမွ မရွိပါဘူး လိုင္စင္မဲ့ကားေတြကို အေရးယူေစ​ခ်င္သည္ ” ဟု ေတာင္ငူၿမိဳ႕ ဦးေအာင္ေအာင္ ဆိုသည္။

ေတာင္ငူခရိုင္အတြင္း လိုင္စင္မဲ့ကား အစီးေရ ၅၀၀ ဝန္းက်င္ရွိၿပီး ၊ လူ တိုက္( ေသ ) ေျပးသြားေသာ ယာဥ္တိုက္မႈ မ်ားစြာရွိသည့္အနက္ ေတာင္ငူၿမိဳ႕ ေလးလမ္းေမာင္း ေပၚတြင္ အလုပ္က ျပန္လာေသာ သားမိ /သားဖ ၃ ဦးအား လိုင္စင္မဲ့ W ကားမွ ေနာက္မွ ဝင္တိုက္ကာ ပြဲခ်င္းၿပီးေသဆုံးခဲ့ေပမယ့္ ယေန႔အခ်ိန္အထိ တရားခံအား ဖမ္းဆီးနိုင္ခဲ့ျခင္းမရွိသည့္ ဝမ္းနည္း ရင္ႏွင့္ဖြယ္ ျဖစ္စဥ္မ်ားလည္း ျဖစ္သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္ ။

ေနလင္းေအာင္(ေတာင္ငူ) #AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

လိုင်စင်မဲ့ W ကား ဟု ယူဆရသော အိမ်စီးကားတစ်စီး လမ်းဘေး သစ်ပင်ဝင်တိုက်ပြီး ယာဉ်ပိုင်ရှင် ထွက်ပြေးတိမ်းရှောင်

ဇွန်(၂၄) AlinnMyay(အလင်းမြေ)

လိုင်စင်မဲ့ W ကားဟု ယူဆရသော အိမ်စီးကား တစ်စီး တောင်ငူ – အုတ်တွင်း ကြား မိုင်တိုင် ၁၅၂ / ၃ ရှိ လမ်းဘေး ကုက္ကိုပင်အား ဒီနေ့ မနက် ၁ နာရီအချိန်က ဝင်တိုက်ထားကြောင်း ဒေသခံများထံမှ သိရသည် ။

အဆိုပါ ဝင်တိုက်ထားသော ကားသည် လိုင်စင်မဲ့ W ကားဟု ယူဆရပြီး ယာဉ်မောင်းမှာ တိုက်လက်စ ကားအား ထားခဲ့ပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်းလည်းသိရသည်။

ယင်း လိုင်စင်မဲ့ W ကားဟု ယူဆရသော ကားအား တာဝန်ရှိသူများမှ စောင့်ကြည့်ထားစဉ် ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်က ပိုင်ရှင်ဟု ယူဆရသူမှ မည်သူမျှမသိခင် လာရောက် မောင်းနှင် ယူဆောင် သွားကြောင်းသိရသည်။

“တာဝန်မဲ့လွန်းတဲ့ ဒီလို လိုင်စင်မဲ့ကား တွေကို တာဝန်ရှိသူတွေက မဖမ်းခိုင်းတာ လက်လန်တယ် ၊ ဒါသစ်ပင်မို့ပေါ့ လူသာဆို ဘယ်လို လုပ်မလဲဟု ” အုတ်တွင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကျွန်တော့ကား ဒီလထဲမှာ အမည်ပေါက်ပြောင်းတာ ကျပ်ငွေ ၄၃၅၀၀၀ိ ကျပ် အခွန်ဆောင်ရတယ် ၊ ဒါလိုင်စင် သက်တမ်းမတိုးရသေးဘူး သက်တမ်းတိုးရင် ၃ သိန်း ဝန်းကျင်လောက် ထပ်ကုန်ရအုံး ၊ ဟိုကြေး ဒီကြေးမပါသေးဘူး ဆိုလိုတာက လိုင်စင်ကား စီးတဲ့ ပြည်သူတွေ အရမ်း နစ်နာပါတယ် ၊ လိုင်စင်မဲ့ ကားစီးတဲ့သူတွေ ကတော့ တခုခုဖြစ်ရင် ကားထားပြီး အလွတ်ပြေးကြတာ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိပါဘူး လိုင်စင်မဲ့ကားတွေကို အရေးယူစေ​ချင်သည် ” ဟု တောင်ငူမြို့ ဦးအောင်အောင် ဆိုသည်။

တောင်ငူခရိုင်အတွင်း လိုင်စင်မဲ့ကား အစီးရေ ၅၀၀ ဝန်းကျင်ရှိပြီး ၊ လူ တိုက်( သေ ) ပြေးသွားသော ယာဉ်တိုက်မှု များစွာရှိသည့်အနက် တောင်ငူမြို့ လေးလမ်းမောင်း ပေါ်တွင် အလုပ်က ပြန်လာသော သားမိ /သားဖ ၃ ဦးအား လိုင်စင်မဲ့ W ကားမှ နောက်မှ ဝင်တိုက်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပေမယ့် ယနေ့အချိန်အထိ တရားခံအား ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိသည့် ဝမ်းနည်း ရင်နှင့်ဖွယ် ဖြစ်စဉ်များလည်း ဖြစ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here