ဖွဲကျုံးနေစဉ် သုသာန်အတွင်းဆွဲ‌ခေါ်ကာ အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွား

727

ဖွဲကျုံးနေစဉ် သုသာန်အတွင်းဆွဲ‌ခေါ်ကာ အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွား

ဇွန်(၂၂) AlinnMyay(အလင်းမြေ)

ဖွဲကျုံးနေစဉ် သုသာန်အတွင်းဆွဲ‌ခေါ်ကာ အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင်ဇွန် ၂၁ ရက်နေ့လည်ပိုင်းကအလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွားကြောင်းကျောက်တံခါးမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မ———– ခေတ္တရာ (၆)လမ်း၊ စာတိုက်ရပ်ကွက်၊ ကျောက်တံခါးမြို့ နေသူသည် စာတိုက်ရပ်ကွက်၊ ကျောက်တံခါးမြို့ တရုတ်သုသာန် အနီးရှိ ဇင်မာဝင်း ဆန်စက်သို့ ဖွဲကျုံးရန်အတွက် ထွက်လာခဲ့ရာ ဖွဲကျုံး သည့်နေရာသို့ ရောက်ရှိစဉ် တစ်ရပ်ကွက် တည်းနေသူ (၃)ဦးနှင့် အတူဖွဲကျုံးခဲ့ပြီး ၎င်း တို့ (၃) ဦးမှာ ပြန်ထွက်သွားခဲ့ရာ ခဏ အကြာတွင် အမည်မသိ အမျိုးသား (၁) ဦး (အသားညို မျက်လုံး‌ဆွေ၊ အရပ်ပု၊အသက်၊ (ဘ) အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ) မှာ မ———- ဖွဲကျုံးနေသည့် နေရာသို့ ရောက်ရှိလာပြီး ဘာလုပ်ဖို့ ဖွဲကျုံးတာလဲ ဟုမေးရာ မ———–မှမီးစိုက်မလို့ ဟုပြန်လည် ပြောဆိုရာဒီဘက်မှာလာကျုံး ဟု ပြောသဖြင့် မ——— မှ အဆိုပါ အမျိုးသား ပြသသည့်နေရာတွင် ဖွဲကျုံးနေစဉ် အဆိုပါ အမည်မသိအမျိုးသားမှ မ——– ၏ ဦးခေါင်းအား ဖွဲပုံအတွင်းသို့ ထိုးထည့်ပြီး ထမီအားဆွဲလှန်၍ ၎င်းမှ အလိုမတူဘဲ (၂)မိနစ်ခန့် သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး မ—— အား နင်လိုက်ခဲ့၊ မလိုက်ရင် သတ်ပစ် မယ်၊ ငါ့မှာဓားပါတယ် ဟုဆိုကာအနီးရှိ တရုတ် သုသာန် အတွင်းသို့ ဆွဲခေါ်သွားကာသုသာန် အတွင်းရှိ အုတ်ဂူ (၂) လုံးကြားအရောက်တွင် ထပ်မံ၍ အလိုမတူဘဲ သားမယားအဖြစ် မိနစ် (၃၀) ခန့် ပြုကျင့်ခဲ့ပြီးနောက်၎င်းအမည်မသိ အမျိုးသား မှာ သုသာန် အတွင်းမှထွက်ပြေးသွားခဲ့ကြောင်းရဲမှတမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်သူ အမည်မသိအမျိုးသား (စုံစမ်းဆဲ) အား အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင် တန်းလာသဖြင့်ကျောက်တံခါးမြို့မရဲစခန်းမှ (ပ)၂၀၈/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ၃၇၆ အရ အမှုဖွင့်အရေးယူထားရှိပြီးတရားခံအားဖမ်းဆီးရမိရေးတွက်‌ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here