မြေကြီးအတွင်း ကျင်းတူးပြီး မြှုပ်ထားသော ပစ္စတိုသေနတ်၊ ၄င်းကျည်များ နှင့် မူးယစ်ဆေးဝါးများတွေ့ရှိ

1073

မြေကြီးအတွင်း ကျင်းတူးပြီး မြှုပ်ထားသော ပစ္စတိုသေနတ်၊ ၄င်းကျည်များ နှင့် မူးယစ်ဆေးဝါးများတွေ့ရှိ

ဇွန်(၂၁) AlinnMyay(အလင်းမြေ)

တာချီလိတ်မြို့နယ်၊ နယ်စပ်မျဉ်းအနီး လျှိုတစ်ခုအတွင်းမှ လက်နက်၊ခဲယမ်းနှင့် မူးယစ် ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်တွင် ၂၀၂၀ ခုနှစ် ဇွန်လ (၂၁)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

အဆိုပါသတင်းဖော်ပြချက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာချီလိတ်မြို့၏ အနောက်တောင် ဘက်မီတာ ၂၃၀၀ ခန့်အကွာရှိ နယ်စပ်မျဉ်းအနီးရှိ လျှိုတစ်ခုသို့အရောက်၌ ပလစ်တစ်အိတ် ဖြင့်ထည့်၍ မြေကြီးအတွင်း ကျင်းတူး၍မြှုပ်နှံထားသည့် ပွိုင့်-၄၅ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၅ တောင်၊WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ပြား၊ စိတ်ကြွဆေးပြားအကြေ ၁၀၀ ဂရမ်ခန့်နှင့် ဘိန်းမဲ ၀ ဒသမ ၅ ကီလိုဂရမ်ခန့် (မူးယစ်ဆေးဝါးများခန့်မှန်းတန်ဖိုးငွေကျပ် ၆၇ သိန်းကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းနှင့်မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ သို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ကြောင်း သတင်းရရှိသည်။

သတင်း ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here